Not for Profit, Just to Help Needy

a foundation for people

Get Started

About Us

ကျွန်ုပ်တို့ အကြောင်း

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းဆိုသည်မှာ ကွန်လွန်သူမိဘနှစ်ပါးဖြစ်ကြသည့် ဦးနုနှင့် ဒေါ်မြရီတို့၏ ဆပ်၍မကုန်နိုင်သော မိဘနှစ်ပါးကျေးဇူးကို ဦးထိပ်ထားပြီး မိဘကျေးဇူးဆပ်သကဲ့သို့ ဒုက္ခအခက်အခဲများကြုံတွေ့နေရသည့် ပြည်ထောင်စုမြန်မာနိုင်ငံသား အားလုံးကို ဘာသာ၊ လူမျိုး၊ ခွဲခြားမှုမရှိ၊ အတတ်နိုင်ဆုံး စွမ်းဆောင်ကူညီပေးလိုသော မေတ္တာဆန္ဒဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ဖောင်ဒေးရှင်းဖြစ်ပါသည်။ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းသည် နိုင်ငံရေး၊ စီးပွားရေးတို့နှင့် သက်ဆိုင်ပက်သက်ခြင်းမရှိသော အမြတ်အစွန်းမယူသည့် အဖွဲ့အစည်း (Non-profit Organization) ဖြစ်ပါသည်။

ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ ဖွင့်ပွဲကို ရန်ကုန်မြို့ရှိ စင်ထရယ်ဟိုတယ် (Central Hotel) တွင် ၆.၈.၂၀၁၅ နေ့တွင် ကျင်းပခဲ့ပါသည်။

Our Vision

ကျွန်ုပ်တို့၏ ရည်မှန်းချက်

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ အောက်ပါကဏ္ဍများကို ဦးစားပေးအနေဖြင့် ကူညီဆောင်ရွက်သွားမည်

(က) ခြေ၊ လက် မသန်စွမ်းသူများအား ခြေချောင်း၊ လက်ချောင်းကလေးများကို အဆင့်မြင့် ခြေတု၊ လက်တုများဖြင့် အစားထိုးပေးလှူရန်၊

(ခ) ကျန်းမာရေးအတွက် အရေးပေါ်လိုအပ်သော ဆေးဝါးများ ပေးလှူရန်၊

(ဂ) ပညာရေးအတွက် စာအုပ်စာတမ်းများ၊ ကျောင်းသုံးပစ္စည်းများ ပေးလှူခြင်း၊ ပညာရေးရန်ပုံငွေ၊ အဆောက်အဦးရန်ပုံငွေ စသည်များ ပေးလှူရန်၊

(ဃ) အရေးပေါ်လိုအပ်သော စာသောက်ဖွယ်ရာ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အထည်များ လှူဒါန်းရန်၊

(င) နောင်သောအခါဖြစ်ပေါ်လာမည့် အကြောင်းကိစ္စများနှင့် ပက်သက်၍လည်း ဖောင်ဒေးရှင်းမှ တတ်နိုင်သမျှ ကူညီသွားရန်၊

Speech

ဥက္ကဌဒေါ်သန်းသန်းနုနှင့် တွေ့ဆုံမေးမြန်းချက်

မြန်မာပြည်ပြန်ရောက်တာလဲ ၁၀ နှစ်ကျော်လာပြီ၊ လုပ်မှပဲလို့တွေးပြီး ကျွန်မအဖေက အမွေပေးခဲ့တဲ့ ကျွန်မရဲ့ဝေစုမြေကွက်ကလေးကို နဲနဲလေးပိုင်းရောင်းလိုက်ပြီး အဲဒီကရတာလေးတွေနဲ့ ဒါကိုစလုပ်ခဲ့ပါတယ်။ ဒါကိုလုပ်တော့လဲ လွယ်လွယ်နဲ့တော့ မရဘူးပေါ့၊ ဒါက အိန္ဒိယအစိုးရရဲ့ အထောက်အပံ့ကလဲ ပါတော့၊ အိန္ဒိယသံရုံးကတစ်ဆင့် စာရေးရတယ်၊ သံရုံးကလဲ ထောက်ခံသင့်၊ မထောက်ခံသင့် လေ့လာပြီးမှ ထောက်ခံခဲ့ပါတယ်၊ ဒီအဖွဲ့ဆီကိုလဲ တရားဝင်စာပို့ရပါတယ်။ သူတို့ကလဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုလုပ်ပေးချင်တော့ ကျွန်မတို့နိုင်ငံကလဲ ဖွံ့ဖြိုးဆဲဆိုတော့ လာဖို့စိတ်ဝင်စားခဲ့ကြတာပါ။ အဲတော့ ကျွန်မက သူတို့နဲ့တွဲပြီး အလုပ်လုပ်ဖို့အတွက် အဖွဲ့ကလေးတစ်ဖွဲ့တော့ တည်ထောင်ရမှာပေါ့၊ ဒါနဲ့ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းကို ကျွန်မစတင်ဖွဲ့စည်းခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ စဖွဲ့စည်းခဲ့ပါတယ်။