U Nu Daw Mya Yi Foundation

Not for profit, just to help needy

အခမဲ့ခြေတုတပ်ဆင်ရေးစခန်းဖွင့်ပွဲဖိတ်ကြားခြင်း

အိန္ဒိယသမ္မတနိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ JAIPUR မြို့အခြေစိုက် BMVSS (JAIPUR FOOT) အဖွဲ့နှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက် ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တတိယအကြိမ် အခမဲ့ခြေတုတပ်ဆင်ရေးစခန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ စနေနေ့၊ နံနက် (၁၀) နာရီတွင် ရန်ကုန်တိုင်းဒသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၂၆) ရပ်ကွက်၊ ပုလဲရတနာလမ်းမရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပမည်ဖြစ်ပါ၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အခမဲ့ခြေတုတပ်ဆင်လိုသူများအား ဖိတ်ခေါ်ခြင်း

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ တတိယအကြိမ် အခမဲ့ခြေတုတပ်ဆင်ပေးခြင်းကို မကြာမီစတင်တော့မည်ဖြစ်ပါသဖြင့် စာရင်းပေးသွင်းထားကြသူများသည် အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံးပြန်လည်ဆက်သွယ်၍ အတည်ပြုစာရင်းပေးသွင်းကြပါရန် အသိပေးကြေငြာအပ်ပါသည်။ ဦးစိုးလွင် ဖုန်း – ၀၉ ၉၇၈ ၄၆၇ ၀၁၂ ။ ၀၉ ၆၉၇ ၂၆၇ ၇၇၅ ။ ဒေါ်ယဉ်ယဉ်ညွှန့် ဖုန်း – ၀၉ ၇၉၈ ၁၅၇ ၉၆၂