U Nu Daw Mya Yi Foundation

Not for profit, just to help needy

အခမဲ့ခြေတုတပ်ဆင်ရေးစခန်းဖွင့်ပွဲဖိတ်ကြားခြင်း

အိန္ဒိယသမ္မတနိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံ JAIPUR မြို့အခြေစိုက် BMVSS (JAIPUR FOOT) အဖွဲ့နှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အခြေစိုက် ဦးနုဒေါ်မြရီဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ တတိယအကြိမ် အခမဲ့ခြေတုတပ်ဆင်ရေးစခန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့၊ စနေနေ့၊ နံနက် (၁၀) နာရီတွင် ရန်ကုန်တိုင်းဒသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၂၆) ရပ်ကွက်၊ ပုလဲရတနာလမ်းမရှိ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်တွင် ကျင်းပမည်ဖြစ်ပါ၍ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အခမဲ့ခြေတုတပ်ဆင်လိုသူများအား ဖိတ်ခေါ်ခြင်း

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ တတိယအကြိမ် အခမဲ့ခြေတုတပ်ဆင်ပေးခြင်းကို မကြာမီစတင်တော့မည်ဖြစ်ပါသဖြင့် စာရင်းပေးသွင်းထားကြသူများသည် အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံးပြန်လည်ဆက်သွယ်၍ အတည်ပြုစာရင်းပေးသွင်းကြပါရန် အသိပေးကြေငြာအပ်ပါသည်။ ဦးစိုးလွင် ဖုန်း – ၀၉ ၉၇၈ ၄၆၇ ၀၁၂ ။ ၀၉ ၆၉၇ ၂၆၇ ၇၇၅ ။ ဒေါ်ယဉ်ယဉ်ညွှန့် ဖုန်း – ၀၉ ၇၉၈ ၁၅၇ ၉၆၂

ဖောင်ဒေးရှင်း၏ နောက်ခံသမိုင်း

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းဆိုသည်မှာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဇနီးဒေါ်မြရီတို့ကို အမှူးပြု၍ ပရဟိတလုပ်ငန်းများကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားသော ဖောင်ဒေးရှင်းဖြစ်ပြီး နိုင်ငံတစ်ခုမှ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်၏ လက်အောက်ခံအဖွဲ့အစည်း သို့မဟုတ် ခိုင်းစေချက်အရမဟုတ်ဘဲ မိမိတို့သဘောဆန္ဒအလျှောက် ပါတီနိုင်ငံရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူမျိုးရေး သို့မဟုတ် စီးပွားရေးအကျိုးအမြတ်တို့ကို အခြေမခံဘဲ လူမှုအကျိုးစီးပွားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှု၊ စာနာထောက်ထားမှုတို့ကို ရှေးရှု၍ ကောင်းမွန်သောစိတ်စေတနာဖြင့် (၆.၈.၂၀၁၅) နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ထားသည့် အကျိုးအမြတ်မယူသည့် ဖောင်ဒေးရှင်းဖြစ်သည်။

ဖောင်ဒေးရှင်း၏ဖွဲ့စည်းပုံ

ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ ဖွဲ့စည်းပုံ

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ သဘာဝဘေးအန္တရာယ်ခံစားနေရသူများကို ကူညီမှု

Helps on Disaster

၁၄-၈-၂၀၁၉ မွန်ပြည်နယ် ရေးမြို့ ရေးဘေးဒုက္ခသည်များအတွက် ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှကျပ်သိန်းနစ်ဆယ်(၂၀၀၀၀၀၀)၊ (ကျပ်သိန်း၂ဝဆယ်ဖိုး) တန်ဖိုးရှိသော စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ အိမ်သုံးဆေးများနှင့် အဝတ်အထည်များ လှူဒါန်းခဲ့ပါသည်။

ပညာသင်ထောက်ပံ့ကြေးများပေးအပ်ခြင်း

Schoolarship

ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ ဆေးတက္ကသိုလ်(မကွေး)တွင် ပညာသင်ကြားနေသော မမေသန္တာလွင်ထွန်းအား ပထမနှစ်ဝက်အတွက် ပညာသင်ထောက်ပံ့ကြေး ၅၀၀၀၀၀ ကျပ် (ငါးသိန်းကျပ်) ကို ၂၂.၆.၂၀၁၉ နေ့က ပေးအပ်လှူဒါန်းခဲ့ပါသည်။