U Nu Daw Mya Yi Foundation

Not for profit, just to help needy

Archives

ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ နေ့စွဲမှတ်တမ်းများ

၁။ ၆.၈၂၀၁၅ _______ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းဖွင့်ပွဲကို ရန်ကုန်မြို့ Central Hotel တွင် ကျင်းပ၊ ဦးနုဒေါ်မြရီဖောင်ဒေးရှင်း တည်ထောင်သူ ဒေါ်သန်းသန်းနုက မီဒီယာများကို ဖောင်ဒေးရှင်း စတင်ဖွဲ့စည်းကြောင်း ကြေငြာ

၂။ ၆.၈.၂၀၁၅ ________ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ၊ ခြင်ထောင်များ၊ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့

၃။ ၁၆.၈.၂၀၁၅ ________ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ၊ ခြင်ထောင်များ၊ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့

၄။ ၁.၉.၂၀၁၅ _________ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သာရဝေါကျေးရွာအုပ်စု ကုလားချောင်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ၊ ခြင်ထောင်များ၊ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့

၅။ ၁.၉.၂၀၁၅ _________ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သာရဝေါကျေးရွာအုပ်စု ကုလားချောင်းကျေးရွာ၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ရန်မြေကွက်အား ကျပ်(၁၅) သိန်းဖြင့်ဝယ်ယူ၍ ကျေးရွာနေပြည်သူများသို့ လှူဒါန်းခဲ့

၆။ ၂၉.၉.၂၀၁၅ _________ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ရှိ ကျင်စွယ်ရွာ၊ အထက်စုရွာ၊ သံပုရာကုန်းရွာ၊ ညောင်တန်းရွာ၊ တဲစုရွာ (စုစုပေါင်း ရွာ ၅ ရွာ) မှ ရေဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ၊ ခြင်ထောင်များ၊ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့

၇။ ၂၉.၉.၂၀၁၅ _________ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ လဖျော်ပင်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ဆေးဝါးများ၊ ခြင်ထောင်များ၊ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့

၈။ ၃၀.၉.၂၀၁၅ _________ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သာရဝေါကျေးရွာအုပ်စု၊ ကုလားချောင်းကျေးရွာ၊ ပညာတံခွန်စာကြည့်တိုက် ပြန််လည်ပြင်ဆင်ရန်အတွက် ကျပ်သိန်း(၂၀) လှူဒါန်းခဲ့

၉။ ၃.၁၀.၂၀၁၅ _________ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ ဦးနုဒေါ်မြရီဖောင်ဒေးရှင်းမှ စောင့်ရှောက်ထားသော မိဘမဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် China Kunming Logistics & Finance Association က ကျောင်းသုံးပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောပိုးအိတ်များ၊ ခေါက်ဆွဲ ခြောက်ထုပ်များ၊ ဘီစကစ်မုန့်များ လာရောက်လှူဒါန်းခဲ့

၁၀။ ၉.၁၀.၂၀၁၅ ________ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မဟာပညာဗိမ္မာန် ပရဟိတကျောင်း၊ သက်မွေးပညာသင်တန်းများတိုးချဲ့ရန်အတွက် သိန်း (၂၀၀) ကျပ်ကို ဆရာတော် ဒေါက်တာအဂ္ဂါစာရ၊ သာသနာ့ဓဇ ဓမ္မစရိယ M. Ph. D (ဒေလီတက္ကသိုလ်) ထံသို့ လှူဒါန်းခဲ့

၁၁။ ၂၆.၁၁.၂၀၁၅ ________ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၉) ရပ်ကွက်၊ ဒူးယားလမ်း တနင်္ဂနွေဆွမ်းလောင်းအသင်းရှေ့တွင် ထမင်း၊ ကြက်သားဆီပြန်၊ သီးစုံပဲကုလားဟင်း၊ ပုဇွန်ခြောက်ကြော်တို့ဖြင့် ပြည်သူများကို စတုဒီသာကျွေးမွေးလှူဒါန်းခဲ့